ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး စက်သုံးဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းအခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲသို့ တက်ရောက်

စက်သုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ဘောက်ဆာဆီတင်ယာဉ်မောင်းများ ဘေးအန္တ ရာယ်ကင်းရှင်း‌စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် မတော် တဆဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို စနစ်တကျ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သော စက်သုံးဆီတင်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်း အခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့ သည်။

ဒုတိယအကြိမ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ပျိုးပင်ပေါင်း ၅၀၀ ကျော်အား စုပေါင်းစိုက်ပျိုးပေး၊ အသေးစား ထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်

ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာသစ် လမ်းဘေးဝဲ/ ယာစိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်း ဖြစ်စေရေးတို့ကိုရည်ရွယ်၍ ဇွန် ၁၁ ရက် နံနက် ၈ နာရီက ကချင်ပြည်နယ်၊ ‌မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ ကျေးရွာသစ်မြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်သင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါန ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ အနန္တသုခ(ရွှေတိဂုံပုံတူ) ဓာတုစေတီတော်၌ ယမန်နေ့နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်‌ရောက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပ‌ဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ပညာ‌ပေးရှင်းလင်း ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွာရေးရာဝန်ကြီး ဦးမျိုးဆွေတက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာများ ဖော်ထုတ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြည်နယ်အတွင်း ဖူဆယ်အားကစား ပိုမိုနည်းစနစ်ကျပြီး တိုးတက်မြင့်မားလာစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးမည့် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် ညနေ ၅ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား အလှူငွေများသွားရောက်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာ‌တော်များအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက သွားရောက် ကြည်ညိုပြီး ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား အလှူ‌ငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဖလား အသက် (၁၃) နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သံယဇာတရေးရာဝန်ကြီးဖလား အသက်(၁၃)နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ယမန်နေ့နံနက် ၁၀ နာရီကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စခန်းဝင် ကျောင်းသား/ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဇွန် ၇ ရက် နံနက် ၉ နာရီက ဖုန်ကုန်ရာဇီခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ ပူတာာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဇွန် ၆ ရက်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ရှိ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ကချင်ပြည်နယ်