ပူတာအိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ပူတာအို    ဒီဇင်ဘာ   ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှအမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၂)ရက်က စတင်ဆောင်ရွက်သည်။

ထိုသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ပူတာအိုခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များပါဝင်သည့်စာရင်းကောက်ယူရေးအဖွဲ့များက ပူတာအိုမြို့နယ်၊ မာမူးလဲ့ကျေးရွာအုပ်စု၊ မာမူးလဲ့ကျေးရွာ၊ မန်စေကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာနှင့်အောက် ဆန်ဂေါင်ကျေးရွာ များအတွင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာပြုစုနိုင်ရေး၊ မဲစာရင်းတွင် ပါဝင်နိုင်ရေး၊ မဲစာရင်း အတိုးအလျော့များ စနစ်ကျေဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကျန်ရှိမှုမရှိ စေရေးနှင့်စာရင်းကွာဟမှု မရှိစေရေးတို့အတွက် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)နှင့်မဲဆန္ဒရှင် စာရင်းများအား တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးသည်။

အလားတူ  ပူတာအိုခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်း နှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာ(၁)ရက်နေ့တွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်၊ မူလာရှီးဒီရပ်ကွက်၊ လေယာဉ်ကွင်းရပ် ကွက်နှင့်ပူတောင်းကျေးရွာအုပ်စု၊ပူတောင်းကျေးရွာများသို့လည်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)