ကချင်ပြည်နယ်

ရွှေကူမြို့၌ ငလျင်ဘေးအန္တရာယ်ကြောင့် အဖြေလွှာများပျက်စီးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်စတင်ဖြေဆို

ငလျင်ဘေးအန္တာရာယ်ကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၀၈)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် (၂၀၂၅) ခုနှစ်တွင်ပြန်လည်ကျင်းပသည့်တက္ကသိုလ်ဝင်စာ‌မေး‌ပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ (၂၀၂၅) ခုနှစ်တွင်ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက် နံနက် (၉) နာရီက ဖြေဆိုလျက်ရှိရာ မြို့နယ်ရှိစာစစ်ဌာန (၂) ခုတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

G12 စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးလျက်ရှိရာ ဟိုပင်မြို့တွင် မြန်မာစာဘာသာလာရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ရှိ

၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် G12စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးလျက်ရှိရာ ဟိုပင်မြို့တွင် ယနေ့ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှစတင်ကျင်းပရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား လာ‌ရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ထိရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်းမှ သင်တန်းသူ/သားများ ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် ယခုဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်း သင်တန်းကို ဇွန် (၁၀) ရက်ကဖွင့်လှစ်ခဲ့ရာ ဤဦးစီးဌာနရုံးတွင် သင်ကြားလျက်ရှိသော သင်တန်းသူသင်တန်းသားများအနေဖြင့် ယနေ့နံနက်ပိုင်းက ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့(မြန်မာစာဘာသာရပ်)ကို ကျောင်းသားကျောင်းသူများဖြေဆို

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ၂၀၂၅ခုနှစ် ဇွန်(၁၆)ရက်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 ပထမနေ့ (မြန်မာစာဘာသာရပ်)ကို သတ်မှတ်စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အောင်ပွဲရ ပြည်နယ်ဘောလီဘောအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု

ပဉ္စမအကြိမ်အဖြစ် ကချင်ပြည်နယ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ် သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၁၄ ရက် ညနေ(၃)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာနှင့် စားသုံးဆီဖူလုံမှုရှိစေရေး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက် ၉ နာရီခွဲကလည်း အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်အလိုက် မိုးစပါးစိုက်ဧကနှင့် ဆီထွက်သီးနှံ သီးထပ်စိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပူတာအိုခရိုင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိနားလည်ပြီး ရှောင်ရှားနိုင် စေရန်နှင့်စာဖတ်စွမ်းရည်မြင့်မားလာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇွန်(၁၃) ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးရှိ ဆင်အိုင်ကွင်းအတွင်း ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် စည်ပင် သာယာရေးအဖွဲ့မှ စွန့်ပစ်အမှိုက်ကန် ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီး ဆင်အိုင်ကွင်းအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်