ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး (၂၀) ကြိမ်မြောက် စေတနာသွေးသန့်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်
ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များအသင်း၏ (၂၀) ကြိမ်မြောက် စေတနာသွေးသန့်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာနတွင် ယနေ့နံနက် ၉ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။