ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီစေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၊ မိုးစပါးရိတ်သိမ်းနေမှုနှင့် ဆောင်းသီးနှံဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေး၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ခဲ့ကြသည်။