မြစ်ကြီးနား ဇန်နဝါရီ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)၊(၂)၊(၃) အောင်မြင်စွာကျင်းပနိုင်ခဲ့မှုများအတွက် လိုအပ်သည့်နည်းပညာများအပြင် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့ (၅) ဖွဲ့အတွက် ငွေကျပ် (တစ်ဆယ့်လေးသိန်းသုံးသောင်း) ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်)တာဝန်ခံ ဦးခင်ဇော်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပခဲ့သည့် ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ဖားကန့်မြို့နယ် များမှရရှိသည့် ခိုင်လုံဆန္ဒမဲများအား လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲ စာရင်းပုံစံများ ပြုစုဖြည့်သွင်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များအား မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)