ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် တွဲဘက်တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့‌ပေးအပ်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မိမိတို့ရဲ့အုပ်ချုပ်‌ရေး ယန္တရားတွင် အဓိကမဏ္ဍိုင်အဖြစ် ကဏ္ဍအသီးသီးတွင်တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် တွဲဖက်ဝန်ထမ်းများအား အသုံးစရိတ်ကုန်ကျမှု တစ်ဖက်တစ်လမ်းမှ သက် သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးသည် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်၊ စိတ်ဓါတ်၊ ခံယူချက်များအပေါ်မူတည်ပြီး ဝန်ထမ်းတိုင်းသည် အမျိုးသားရေးစိတ်ဓာတ်ပြည့်စုံရန်လည်း လိုအပ် ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်မြင့်မားရေးနှင့် တည်ဆဲဥပဒေများနှင့် အညီ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို ကိုယ်ချင်းစာတရားနှင့် အတတ်နိုင်ဆုံး ရိုင်းပင်း ကူညီဖြည့်ဆည်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတာဝန်များကို တာဝန်ယူ/ တာဝန်ခံစိတ်ဖြင့် အောင် မြင်အောင်လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၁၅  ဦးတို့အတွက် တစ်ဦးလျှင် ဆန် ၈ ပြည်ပါအိတ် တစ်အိတ်စီ၊ ဆီ (၁)ပိဿာစီဖြင့် စုစုပေါင်းငွေကျပ် ၁၂၂၈၅၀၀၀ တန်ဖိုးရှိ ဆန်နှင့်ဆီဘူးများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဝင်းစိုးက ဝန်ထမ်းတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ‌စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြိးနား) သို့ သွားရောက်ပြီး ဧရာမြစ်ဆုံခန်းမ၌ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်သည် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံသည့် ပြည်နယ်တစ်ခု ဖြစ်သည်နှင့်အညီ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းတောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးလာနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် စိုက်ပျိုးမြေဖော်ထုတ်ပေးခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အထိ ဧက ၁၇၇၇၂ ဧက ဖော်ထုတ်ပေးနိုင်ခဲ့သည့်အပြင် ပြည်နယ်အတွင်း ထွန်စက်ကြီးအစီးရေ ၈၀၀ ကျော်၊ လက်တွန်းထွန်စက် ၂၇၅၈၂ စီး၊ ကောက်စိုက်စက် ၄ စီး၊ မျိုးစေ့ချ ကိရိယာ ၁၀၃၄ လက်နှင့် ရိတ်သိမ်းခြွေလှေ့စက် ၁၅၈ ဦး ပိုင်ဆိုင်ထားသည့်အပြင် ထပ်မံရရှိရေးကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုသို့လယ်ယာသုံးစက်ကိရိယာများ တိုး တက်ပိုင်ဆိုင်လာသည်နှင့်အမျှ ရေရှည်အသုံးပြုနိုင်ရေးအတွက် ယခုလိုသင်တန်းပို့ချမှုများကို အလေး ထားသင်ယူကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

 ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်သန်းက စိုက်ပျိုးရေး ပညာရပ်တွင် အလယ်အလတ်အဆင့် သင်ကြားတတ်မြောက်ကြမည့် သင်တန်းသားများအား စက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်းနည်းကို သင်ကြားပေးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်မှု လယ်ယာ စနစ်ပေါင်းစပ်ပေးလိုက်ခြင်းဖြစ်သည့်ရည်ရွယ်ချက်များနှင့်သင်တန်းတွင် ဖွင့်လှစ်သင်ကြား သွားမည့် ဘာသာရပ်မျာကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သင်ထောက် ကူပစ္စည်းများနှင့် သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆရာ များ၊ သင်တန်းသား/ သင်တန်းသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ ကြ ကာ ခန်းမအပြင်ဘက်၌ စက်မှုလယ်ယာဦးစီးဌာနက သင်တန်းတွင် စာတွေ့လက်တွေ့ ဖွင့်လှစ်သင် ကြားသွားမည့် ရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်ကြီးများ၊ ရှစ်တန်းသွား ကောက်စိုက်စက်နှင့် လက် တွန်းထွန်စက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်ပြလာမည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေး အတွက် ပြည်နယ်ဝန်ကြီချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆက်လက်ကျင့် သုံးဆောင်ရွက်သွားနိုင်ရေး လွှတ်တော်များ ခေါ်ယူကျင်းပနိုင်ရေးသည် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ဦးတည်ချက် အကောင် အထည်ဖော်ရေးတွင် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ထွန်းလာရေးအတွက်လည်း အရေးပါသည့် ပြောင်းလဲမှုဖြစ်စဉ်ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် အလေးအနက် စီမံဆောင် ရွက်ကြရန် အထူးလိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဒေါက်တာယိန်းညှော်က တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးမှ လွှတ်တော်အစည်းအဝေးကျင်းပရေး စီမံချက် (မူကြမ်း)နှင့် စပ်လျဉ်း၍ ဦးစီးကော်မတိနှင့် ဆပ်ကော် မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြရာတက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်သုံးသပ်၍ အကြုံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် တင်ပြကြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးမကျင်းပမီ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ခြင်းနှင့် လွှတ်တော်ကျင်းပနေစဉ် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို အပိုင်းလိုက်ဆောင်ရွက်သွားရေးနှင့် လိုအပ်သည့်အသုံးအဆောင်များ၊ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)