မိုးညှင်း ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(နောင်စွန်း)၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲ(နောင်စွန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့် ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ဟောပြောပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၄၀) ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း