(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်ခရိုင်ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ဗန်းမော်ခရိုင်ဌာန ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၇)ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကျင်းပခဲ့သည်။