ပူတာအို၌ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ တတိယအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွဲ

ပူတာအို ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ တတိယ်အပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၁၇)ရက် နံနက်(၆)နာရီက စုရပ်ဖြစ်သည့် ပြည်သူ့အားကစားကွင်းမှစတင်၍ စုပေါင်းလမ်းလျှောက်ပွဲပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်လွင်တို့၏ဦးဆောင်မှုဖြင့် စုရပ်ဖြစ်သည့် ပြည်သူ့အားကစားကွင်းမှတဆင့် ပြည်ထောင်စုလမ်းမ ကြီးအတိုင်း ပြန်/ ဆက်လမ်းဆုံ၊ ပြန်/ ဆက်လမ်းဆုံမှတဆင့် ဖုန်ကန်ရာဇီခန်းမရှေ့၊ ဖုန်ကန်ရာဇီခန်းမရှေ့မှတဆင့် ခရိုင်ပြည်သူ့ဆေးရုံလမ်းအတိုင်း ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံ၊ အောက်ချိုင့်လမ်းဆုံမှတဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း ပြည်သူ့အားကစားကွင်းသို့ တစ်ပတ်စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

စုရပ်ဖြစ်သည့် ပြည်သူ့အားကစားကွင်းတွင် ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ မများနှင့် ကျောင်းသား/ သူများ၊ အားကစားဝါသနာရှင်ပြည်သူများ စုစုပေါင်းအင်အား(၃၀၀)က ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)(၂)နှင့် Physical Fitness Dance အကများဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဒီဇင်ဘာလတတိယအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲအထိမ်းအမှတ်အနေဖြင့် တစ်ဦးချင်းဂုံနီ အိတ်စွပ်အပြေးပြိုင်ပွဲတွင် ကျောင်းသူ/ သားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပြန်/ ဆက်)