ချီဖွေမြို့နယ်၌၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ချီဖွေ မတ် ၈

ချီဖွေမြို့နယ်၌ မတ်(၈) ရက်နေ့တွင် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနတွင် အ-ထ-က (ချီဖွေ)မှ ကျောင်းသား(၁၀) ဦး၊ အ-ထ-က (နိုဇွန်ဘော်)မှ ကျောင်းသား (၂၁)ဦး၊ ပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၉) ဦးရှိ​ပြီး ဝင်ရောက် ဖြေဆိုရန် ပျက်ကွက် ကျောင်းသား (၁)ဦးနှင့် ကျောင်းသူ (၁) ဦးရှိရာ ချီဖွေမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးအနက် ဝင်ရောက်ဖြေဆိုသူ (၂၈) ဦးရှိကြောင်းနှင့် ဖြေဆို သည့် ရာခိုင်နှုန်း ၉၃.၃၃ ရာခိုင်နှုန်းရှိ​ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အနှောက်အယှက် မရှိစေရန်၊ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်၊ ဌာန ဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စုပေါင်း၍ ကျောင်းလမ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)