ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ချီဖွေ   မတ် ၈

ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဦးလင်းထူး၊ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာ​လေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇောင်းရယ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး အောင်ဖြိုးဝေနှင့် တာဝန်ရှိသူများက ၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကျင်းပပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း (ချီဖွေ) စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ၊ မီးသတ်ဆေးဗူးများထားရှိမှုများ၊ စာမေးပွဲဖြေဆိုမည့် အခန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆေးပေးခန်းစီစဉ် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ သည်။

ချီဖွေမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀) ဦးဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

 ယော်ကိ (ပြန်/ဆက်)