ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆို

ပူတာအို မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူကျောင်းသားများ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်၀င်တန်းစာမေးပွဲကို ပူတာအိုစာစစ်ဌာနတွင် မြို့နယ်နှစ်မြို့နယ်မှ ကျောင်းသူကျောင်းသားများက အ.ထ.က (ပူတာအို) ကျောင်းတွင်ဖြေဆိုမည်ဖြစ်ပြီး ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်း ရေးသွင်းသူစုစုပေါင်း ကျား (၁၆၅) ဦး၊ မ(၂၉၅)၊စုစုပေါင်း(၄၆၀)ဦး စာရင်းရေးသွင်းထားသည်။ ယနေ့ လာရောက်ဖြေဆိုသူစုစုပေါင်း (၄၁၆)ဦး၊ ပျက်ကွက်သူ (၄၄) ဦးရှိသည့်အတွက် လာရောက်ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၀.၄၃) ရာခိုင်နှုန်း လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသူကျောင်းသားများ ဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး များနှင့်ပညာရေးဝန်ထမ်းများ၊ စာမေးပွဲအတွင်း အပြင်ကြီးကြပ်ရေးမှူးများနှင့်ဆရာ ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန် ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့ များကပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)