မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။