တနိုင်း မတ် ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စာစစ်ဌာန (၂)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ စာစစ်ဌာန(၂)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
တနိုင်းမြို့နယ် အ-ထ-က(၁) စာစစ်ဌာန (အပြင်ဖြေ)နှင့် အထက-ရှင်ဗွေယန် စာစစ်ဌာန (အပြင်ဖြေ)တွင် စာရင်းရှိ ကျား(၁၄၄)ဦးနှင့် မ(၂၃၃)ဦး စုစုပေါင်း (၃၇၇)ဦးရှိပြီး ဝင်ရာက် ဖြေဆို ကျား(၁၃၃)ဦးနှင့် မ(၂၂၇) ဖြေဆိုသူပေါင်း (၃၆၀)ဦးနှင့် ပျက်ကွက်သူ ကျား (၁၁) ဦး နှင့် မ (၆) ဦး ပျက်ကွက်သူပေါင်း (၁၇) ဦးရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)