တနိုင်း မတ် ၁၀
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် (၁၁) နာရီက စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ (ပြ) ဒေါ်ဂျာအောင်လုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာရေးသူ ကလောင်စုံ ရေးသားသည့် လူဆိုသည်မှာ စာအုပ်ပါ လူ့အဓိပ္ပါယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တနိုင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် အနေဖြင့် မိမိတို့ဖတ်ရှုလိုသည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုလည်း တာဝန်ရှိသူများက စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပန်းအိ(တနိုင်း)