မံစီ မတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအခြေအနေကို မတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဗန်းမော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာသောင်းထိုက်နှင့် ခရိုင်ပညာရေးမှူးဦးထွန်းအေးကျော်တို့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှုအခြေအနေနှင့် စာမေးပွဲကို အဆင်ပြေ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို မြန်မာနိုင်ငံစာစစ်ဌာန၏ စည်းမျဉ်းစည်းကမ်း အတိုင်းလိုက်နာ၍ လုပ်ငန်းများကိုဆောင်ရွက်ရန်၊ အဖြေလွှာများပို့ဆောင်ရာတွင် လုံခြုံချောမွေ့ စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျောင်းသားကျောင်းသူများ စာမေးပွဲကို အဆင်ပြေ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆက်လက်ကြိုးမပ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (မံစီ) စာစစ်ဌာန (၁)ခုဖြင့် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆို ရန်စာရင်းပေးသွင်း ထားသည့် ကျောင်းသားကျောင်းသူ (၁၇၅)ဦး ရှိသည့်အနက် ယနေ့ အင်္ဂလိပ်စာဘာသာကို ဖြေဆိုရာတွင် (၁၅၂)ဦးအထိ လာရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုမှု ရာခိုင်နှုန်း (၈၆ ဒဿမ ၈၆) ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်းသားကျောင်းသူများ စာမေးပွဲကို အဆင်ပြေစိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက် ပေးလျက်ရှိနေကြောင်းသိရသည်။
(မြို့နယ် ပြန်/ဆက်)