မိုးမောက်မြို့နယ်၌ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မိုးမောက် မတ်လ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌   ယနေ့နံနက် (၁၀)နာရီအချိန်တွင်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။     

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက အများပြည်သူ ဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။   

ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးလှိုင်ကြူက ကြက်ခြေနီအသင်းအနေနှင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကို ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ အိုင်စီအာစီတို့နှင့် ပူးပေါင်း၍ ဆောင်ရွက် နေကြောင်း၊ မိုးမောက်မြို့နယ်တွင် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို တစ်လ ကြိမ် ဆောင်ရွက်နေကြောင်းနှင့် မိုင်းထိမှန်ပြည်သူများကို ငွေကြေးထောက်ပံ့နေမှု အကြောင်းများကို အကျယ်တဝင့် ပြောကြားခဲ့ကြောင်းသိရှိရသည်။

မြို့နယ် ပြန်/ဆက်