မံစီ မတ် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ (၇၈)နှစ်မြောက် တပ်မတော်နေ့အကြို စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ တပ်မတော်နေ့ သမိုင်းအကြောင်းကို သိရှိစေရန်နှင့် စာကြည့်တိုက်များကို ပိုမိုအသုံးချ တတ်လာပြီး စာပေများကိုလေ့လာ ဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများမြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး တပ်မတော် သမိုင်းအကြောင်းစာအုပ်များ၊ အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် တပ်မတော်နေ့အကြောင်း အသိပညာပေး၊ လူကုန်ကူးခြင်း ဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေး၊ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးစ သည့် အသိပညာပေး နံရံကပ်စာစောင် များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)