ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့မြေနေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ဗန်းမော် မတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာမြေနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ Talk Showတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ကမ္ဘာ့မြေနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ၊ ဧပြီ ၂၂ ရက်နေ့ကို ကမ္ဘာ့မြေနေ့အဖြစ် သတ်မှတ်ရခြင်းအကြောင်းများ၊ ကမ္ဘာမြေပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းအကြောင်းများ၊ မြေဆီလွှာထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရခြင်းအကြောင်းများ၊ လေထုညစ်ညမ်းမှု လျှော့ချရေး ဆောင်ရွက်ရခြင်းအကြောင်းများ၊ သစ်တောပြုန်းတီးမှုကို ကာကွယ် စောင့်ရှောက်ရခြင်း အကြောင်းများ၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချသင့်သည့် အကြောင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်သင့်သည့် အကြောင်းများ၊ ရေချိုသယံဇာတကာကွယ် စောင့်ရှောက်သင့်သည့် အကြောင်းများ မေးမြန်းဆွေးနွေးခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ညိုဇင်မာဝင်းက အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)