ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုပြီးစီး

ဖားကန့် မတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်အား ယနေ့တွင် တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။  

ဖားကန့်မြို့နယ်ရှိ စာစစ်ဌာန ၂ ခုတွင် သမိုင်းဘာသာရပ် ဖြေဆိုသူ ဖားကန့်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦးနှင့် ကာမိုင်းမြို့မှ ကျောင်းသား၊ ကျောင်းသူ ၄၇ ဦး စုစုပေါင်း ၂၀၃ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။ 

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာ အသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများမှ ကျောင်းတွင်း၊ ကျောင်းပြင် နေရာများတွင် စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။ 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဖားကန့်မြို့နယ်တွင် စာစစ်ဌာန (၂) ခု ဖွင့်လှစ်ထားပြီး ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖားကန့်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၅၈၂)ဦးနှင့် ကာမိုင်းမြို့မှ ကျောင်းသားကျောင်းသူ (၁၂၂)ဦး ဖြေဆိုခဲ့ရာ ဖြေဆိုရာခိုင်နှုန်း ၈၈ ဒဿမ ၃၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။  

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုခဲ့ပြီး မတ်လ (၁၇)ရက်တွင် ဖြေဆိုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်