ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တပ်မတော်သား များနှင့်  ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ ဒုတိယအကြိမ် စုပေါင်းရှင်ပြု၊ ဒုလ္လဘရဟန်းခံ အလှုတော် မင်္ဂလာပွဲ အခမ်းအနား ကျင်းပ

ချီဖွေ  ဧပြီ  ၁၂

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရာိင်၊မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တပ်မတော် သားများနှင့်  ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ ဒုတိယအကြိမ် စုပေါင်းရှင်ပြု၊ ဒုလ္လဘရဟန်းခံ အလှုတော် မင်္ဂလာပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချီဖွေမြို့ တောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သိမ်ဆင်းဒုလ္လဘရဟန်းများအား သိမ်ဆင်းလောင်းလှူပူဇော်ရာ ဆရာ‌တော်အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သိမ်ဆင်းရဟန်းသံဃာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ သက်နိုင်နှင့် ဇနီး၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးချစ်စမ်းအောင်၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံပုဂ္ဂိုလ်များ၏ မိသားစုဝင်များက ဆရာတော်/ သံဃာတော်များနှင့် ဒုလ္လဘရဟန်းများအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူ ဇော်ခဲ့ကြ သည်။

ထို့နောက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တပ်မတော်သားများနှင့်  ဒေသခံဗုဒ္ဓဘာသာဝင် မိသားစုများ ဒုတိယအကြိမ် စုပေါင်းရှင်ပြု၊ ဒုလ္လဘရဟန်းခံ အလှုတော်မင်္ဂလာပွဲ အခမ်းအနား တရားတော်နာယူပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ ()ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနား တက်ရောက်လာသူများက ဆရာတော်သံဃာ တော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊အလှူရှင်များက  သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များ နာယူကြကာလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ()ကြိမ် ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ယော်ကိ