မချမ်းဘော့မြို့နယ်တွင် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

မချမ်းဘော့ ဧပြီ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါးတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကောင်းမှုလုံကျေးရွာအုပ်စု နမ်ဘူယာန်ကျေးရွာနှင့် ငွါးဇာခါးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်သူပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင်ကုသရေးဦးစီဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများကို ပညာပေးဟောပြောခဲ့ကြသည်။

မချမ်းဘော့မြို့နယ်တွင် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး ဧက(၈၀၀)စိုက်ပျိုးရန်လျာထားပြီး ဆင်းဧကရီ-၃ အထွက်တိုးစပါးမျိုးများကို ပြည်နယ်အစိုးရအဖွဲ့မှ တောင်သူလက်ဝယ်အရောက် အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)