မြစ်ကြီးနားမြို့၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ အနောက်မြောက်ကွင်းရှိ ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားဦးချစ်ရွှေ၏ ဦးပိုင်အမှတ်(၅၅/၄)တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။