မြစ်ကြီးနား သြဂုတ် ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ရှမ်းမျိုးနွယ်စုများ ၏ ပထမအကြိမ် စုပေါင်းဝါသိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီခွဲက မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို စိန္တာမဏိလိုရာပြည့်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ စိန္တိတ အမှူးပြုသော ဆရာတော်/ သံဃာတော်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး ဒေါ်သွဲ့လေးအောင်၊ ဦးစီးဌာနအရာထမ်း၊ အမှုထမ်းများနှင့် ရှမ်းမျိုးစုများမှ တာဝန်ရှိသူများက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး အနုမော ဒနာတရားတော်များ နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ဇနီး တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်