မြစ်ကြီးနားမြို့၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

မြစ်ကြီးနား ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ အနောက်မြောက်ကွင်းရှိ ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားဦးချစ်‌ရွှေ၏ ဦးပိုင်အမှတ်(၅၅/၄)တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

စပါးအထွက်နှုန်းကောင်း၍ တောင်သူများ ဝင်ငွေတိုးပွားရရှိရေး ထွန်ရေး/ထည်ရေးကို (၉)စပ်တိတိထွန်ယက်ပြီး(၁)ဧကလျှင် ကောက်ကွက်(၁၅၀၀၀၀)အထိစိုက်ပျိုး၍ (၁၃)တန်း(၁)တန်းလှပ်နည်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးနေမှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နိုင်နိုင်မော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စပါးအထွက်နှုန်း ကောင်းမွန်ရေး အသိပညာပေးလုပ်ငန်းများနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)