မိုးမောက် စက်တင်ဘာလ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် အ.ထ.က(မိုးမောက်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဘောမ်ချမ်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ရခြင်းအကြောင်းနှင့် ဗလ(၅)တန်ဖွံ့ဖြိုးရေးအကြောင်း၊ လူငယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်ကြစေရန်နှင့် စာပေဖတ်မှတ် လေ့လာကြစေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရာ Grade-10 မှ မအေနီမွန်းက လူငယ်နှင့်စာဖတ်ခြင်း၊ မောင်သိန်းဆန်းထွဋ်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မအေးသဉ္ဇာထွန်းက လူငယ်နှင့်နည်းပညာ၊ မောင်ချမ်းယိမ်းက လူငယ်နှင့်အားကစား၊ မဇွန်ပွင့်ခိုင်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ထွဋ်ခေါင်ခန့်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်