ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများနှင့် အကောင်းဆုံးကစားသမားဆုရ ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား ဂုဏ်ပြု
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲသို့ ကချင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအနေဖြင့် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ် (၂) ခုနှင့် ထောက်လုအကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။