ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်
ကချင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ပညာရေးဝန်ထမ်း ဆရာ/မများ သင်ကြားရေးဆိုင်ရာ တိုးတက်မြင့်မားစေရေး အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများအား ဖွင့်လှစ်လျက်ရှိရာ မတ် ၂၅ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်ခဲ့သည်။