မိုးကောင်းမြို့ Community Centre ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးကောင်း ဇွန် ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲတွင် “မျိုးဂုဏ်မြင့်မားမြန်မာအမျိုးသမီးများ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ(၃၀)နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅) ဦးတို့ ဖြေဆိုကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေနှင့် အဖွဲ့ဝင်များ လာရောက်အားပေးကြည့်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)