ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား KEP Logistics ဝင်းအတွင်း မော်တော်ယာဉ်များ စုပေါင်းရပ်နားထားရှိ အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် သီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုံအပိုင်းရှိ မြစ်ကြီးနား KEP Logistic အသင်းပိုင်ဝင်းအတွင်း နယ်စပ်ဂိတ်မှ မန္တလေးသို့တင်ပို့သွားမည့် စက်သုံးဆီတင် ဘောင်ဆာကားကြီးများ၊ တွဲကားများ ရပ်နားထားရှိမှုအခြေအနေများနှင့် ဗလမင်းထင် စံပြစိုက်ကွင်း အတွင်း လယ်သီးထပ်ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုများကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။