ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်နေများအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မြန်မာအီလက်ထရော နစ်မဲပေးစက်များ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများ၊ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများနှင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် ရေး ရေလျှံတာကျောက်စီမြေထိန်းနံရံနှင့်တမံ တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။