မိုးကောင်း ဇွန် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံမီးသတ်ပညာ အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ(၄)ရက် နံနက်(၉)နာရီ တွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ထက်မြတ်ကျော်က အခြေခံမီးသတ် ပညာနှင့်ပတ်သက်၍ မီးတောက်၏ သဘောသဘာဝ၊ မီးလောင်မှုဖြစ်ပွားပုံ၊ အခြေခံမီးငြှိမ်းသတ်နည်းလမ်းများ၊ လျှပ်စစ်ကြောင့်မီးလောင်မှုမဖြစ်ပွားစေရန်နည်းလမ်းများနှင့် လိုက်နာရမည့်အချက်များ၊ အိမ်နှင့်မီးဖိုတို့အားပေါ့ဆမီးမဖြစ်ပွားစေရန်ဆောင်ရန် ရှောင်ရန် အချက်များ၊ မီးလောင်မှုဖြစ်ပွားလျှင်ကြုံတွေ့နိုင်သည့် မီးခိုးအန္တရာယ်နှင့် မီးခိုးအန္တရာယ် ကျရောက်နေပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် အထွေထွေ ကဏ္ဍတို့အား အသိပညာပေးဟောပြောကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းမှ ဖိတ်ကြားထားသောလုပ်ငန်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
သန်းလွင်ဦး(ပြန်/ဆက်)