နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်အရာထမ်းအမှုထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

လယ်ဝေးမြို့နယ်တွင် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့် ကြံစိုက်ပျိုးမှု သရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်‌မြေ၊ လယ်ဝေးမြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံစိုက်ပျိုးမှုသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ တောင်သူဒေါ်သန်းဌေး၏ ကြံစိုက်ဧက ၃ ဧက၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ လိုက်လံစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                      

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။ 

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ နတ်သရဲကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများပေါ်တွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာများ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာ စာကြည့်တိုက်များအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာသို့ သွားရောက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာ့ရိုးရာနွားအလှနှင့်ဒုန်းသိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ နွားအလှနှင့်ဒုန်းသိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့်ပျက်စီးခဲ့သည့် လယ်ယာမြေများပြန်လည်ကုစားနိုင်ရေး ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများ ပြန်လည်ကုစားရေး ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်နိုင်ဝင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးမြအေးအောင်၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးထွန်းညွန့်၊မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးသိန်းဝင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးမှူး ဦးကျော်သူရှိန်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူးဦးမြင့်ဇော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြိုနယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ နေပြည်တော်အတွင်း သောက်သုံးရေလုံလောက်စွာပေး‌ဝေနိုင်ရေးနှင့် သုခတော်ဝင်အိမ်ရာ စီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာအထိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ရန်၊ ရေစီးဆင်းမှု တစ်ဆက်တစ်စပ်တည်းဖြစ်စေရေးအတွက် ရေမြောင်းများ ဆက်လက်တူးဖော်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးဇေယျာလင်း မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဆွေးနွေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ