နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲတက်ရောက်
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီးကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကိုပြုလုပ်လျက်ရှိပြီး ပြည်ထောင်စနယ်မြေ နေပြည်တော် ပျဉ်မနားမြို့၌လည်း ဒီဇင်ဘာလူထုအားကစားလတတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းလောင်းအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။