တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး(အခမဲ့) စောင့်ရှောက်ပေး

တပ်ကုန်း ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တပ်ကုန်းခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကျော်‌ဇေယျကြီးကြပ်၍ အထူးကုဆရာဝန်များ၊ အထွေထွေဆရာဝန်၊ ကျန်းမာရေးဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက မြန်မာ့စီပွားရေးဘဏ်သို့ ပင်စင်လစာများ လာရောက်ထုတ်ယူကြသည့်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊သွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ ဆေးပညာ၊ ခွဲစိတ်၊ အရိုး၊ သားဖွားမီးယပ်၊ သွားရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာများ စစ်ဆေးကုသဆောင်ရွက်ပေးကာ လာရောက်ပြသကုသခံယူသူစုစုပေါင်း ၈၅ ဦးတို့အား ရောဂါဝေဒနာအလိုက် ဆေးဝါးများပေးအပ်ပြီး ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်