တပ်ကုန်း ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ စာစီ စာကုံးနှင့်ပြပွဲများကို ဇွန် ၂၂ ရက် မွန်းလွဲ ၁နာရီခွဲက မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ထိုပြိုင်ပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ သဘာဝဘေးအန္တရာယ်အသိပညာ ပေး နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်စိုးလွင်