ဇေယျာသီရိ ဇွန် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စုနှင့် သစ်တပ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ရွှေပေး-ရှားစေးဖိုကျေးရွာချင်းဆက်လမ်း၏ လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် ယမန်နေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်း၊ တိုင်း/ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ စုပေါင်း၍ ကျွန်း၊ ကံ့ကော်၊ ခရေ၊ ကုက္ကိုလ်၊ စိန်ပန်း၊ ပိတောက်၊ မယ်ဇလီစသည့် အရိပ်ရသစ်ပင် (၄၁၃) ပင်အား စိုက်ပျိုးခဲ့ပါကြောင်း ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)