ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့်ကွင်းဆင်း တွေ့ဆုံ
ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာကရင်စာပေအသင်းရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။