လဟယ် မတ်လ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းလူငယ်များ အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar)သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပါသည်။
ဦးစွာ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှားဆက်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာတစ်ဦးမှ သင်တန်းဆင်းဆုံးမဩဝါဒစကားပြောကြားပါသည်။ ထို့နောက်သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရက်တ္တပတ်(၇)ရက်ကြာ
ဖွင့်လှစ်ပြီး အခြေခံအင်္ဂလိပ်သဒ္ဒါ(Grammar)သင်တန်းတွင် သင်တန်းသား(၃၂)ဦး၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၂၈)ဦး စုစုပေါင်း(၆၀)ဦးအား မနက်ပိုင်(၁၀:၀၀)မှ (၁၂:၀၀)အထိ အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar)၊ ညနေပိုင်း(၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နည်ပြဆရာ/ဆရာမ(၈)ဦးဖြင့် (၂၀-၃-၂၀၂၃)မှ (၂၆-၃-၂၀၂၃)ထိ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
(မြို့နယ်ပြန်ဆက်)