နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်

                                                                                                နတ်မောက် မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဖွဲ့ပိုင် မြို့မဈေးကြီး လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက် မြို့မဈေးကြီးအတွင်း လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် မြို့မဈေးတာဝန်ခံမှကြီးကြပ်၍ ဝန်ထမ်းများနှင့် ဈေးသူဈေးသားများပူးပေါင်းပြီး ဈေးပိတ်သိမ်းပြီးချိန်တွင် ဈေးအဝင်ပေါက်တံခါးများ လုံခြုံမှုရှိ/မရှိ၊  ဈေးအတွင်းအပြင်ရှိ ဈေးဆိုင် ခန်းများတွင် အမွှေးတိုင်ထွန်းညှိထားခြင်းရှိ/မရှိ၊ ဖယောင်းတိုင်မီးများထွန်းညှိထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ညပိုင်းတွင်လည်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ဈေးအတွင်းအပြင် လိုက်လံစစ်ဆေးခြင်း၊ ဈေးကြီးအတွင်းအပြင်ရှိ အရိပ်ရအပင်ကြီးများ၏ သစ်ရွက်အမှိုက်များ ရှင်းလင်းခြင်းပြုလုပ်လျက်ရှိကြောင်း၊ မြို့မဈေးကြီးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ၂၀၂၂-ခုနှစ်၊ နှစ်ကုန်မှစ၍ ယနေ့အထိ နေ့စဉ်၊ ညစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့မဈေးကြီး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးသည် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ညပိုင်းတွင် မီးဘေးသင့်ခဲ့၍ ဈေးဆိုင်ခန်းပေါင်း (၂၄၂)ခန့် ဆုံးရှုံး၍ မီးဘေးသင့်ဆိုင်ခန်းများအား အသစ်ပြန်လည်တည်ဆောက်ပြီး၂၀၂၂-ခုနှစ် (ဇွန်)လတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မူမူစန်း