ကွမ်းခြံကုန်း မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ် လူရွယ်များ၏ အပြောစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ) က ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် မယွန်းဝတီအောင်၊ ဒုတိယဆုရရှိသည့် မယမင်းဦးနှင့် တတိယဆုရရှိသည့် မေလင်းလက်ခိုင်တို့အား ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိက) အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည် နံရံကပ်စာစောင်အား တက်ရောက်လာသည့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဆွေနွယ်