ဝေးလံခေါင်ဖျားဒေသသတင်းများ

မချမ်းဘောမြို့၌ ရွေးကောက်ပွဲနှိုးဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မချမ်းဘောမြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။ 

ဝိုင်းမော်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌  ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းအား ယမန်နေ့နံနက် ၉ နာရီချိန်က အမှတ် (၁) ရပ်ကွက် မြို့မ‌ဈေးနှင့် မိုင်းနားကျေးရွာ ရှိဗလမင်းထင် မြို့အ၀င်အထွက်ဂိတ်များတွင် ဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင်အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အောင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘောမြို့ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းသိမ်းအောင်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲကို ယနေ့နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 

လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက် နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ လဟယ်မြို့တွင်မျိုးဆက်သစ်ရတနာဥယျာဉ်‌ကျောင်း၊ သူရမာလာကျောင်းဆောင်သစ်ကြီးရေစက်ချအလှူ‌တာ်မင်္ဂလာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မျိုးဆက်သစ်ရတနာဥယျာဉ်ကျောင်း သူရမာလာကျောင်းဆောင်သစ်ကြီးရေစက်ချအလှူ‌ တော်မင်္ဂလာအခမ်းအနားပွဲကို အောက်တိုဘာ  ၁၉  နံနက်ပိုင်းက လဟယ်မြို့ မြို့မရပ်ကွက်ရှိအဆိုပါကျောင်းဆောင်သစ်၌  ကျင်းပသည်။

နာဂဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စက်ကိုင်သင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ရက်တွင် ပါတီစုံဒီမိုကရေစ်အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စက်ကိုင်သင်တန်းနှင့် မဲရုံသရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပသည်။

ထန်ပါခွေမြို့၌ သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်း သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ နွားသေး၊ နွားချေး၊ ထန်းလျက်ဖျော်ရည်ဖြင့် သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်သည်။

ပူတာအိုမြို့နယ်၌ တောင်သူများအား စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရာတွင် အသုံးပြုနိုင်ရန်အတွက် “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်မှ တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ရက် နံနက်၉ နာရီက  ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ကျင်းပသည်။

ပူတာအိုခရိုင်အတွင်းထွက်ရှိသည့်  ပေချီ(ခေါ်)လန်ဘဆေးဥမှာ ယခုနှစ်တွင်ဈေးကောင်းရရှိသဖြင့် ဆေးဥရှာဖွေသူများပြား

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရှားပါးသဘာဝဆေးမြစ်ဆေးဥများထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်များတွင် တရုတ်ဘာသာစကားဖြင့် ပေချီ၊ရဝမ်တိုင်းရင်းသားဘာသာစကားဖြင့် လန်ဘခေါ် ဆေးဥမှာ ဈေးကောင်းရရှိသဖြင့် ရှာဖွေသူများပြားလာကြောင်းသိရသည်။ အဆိုပါ ပေချီ(ခေါ်)လန်ဘဆေးဥများကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့နယ်များရှိ ရေခဲတောင်များဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်၊ ဖုန်ရင်ရာဇီရေခဲတောင်၊ ဂန်လန်ရာ ဇီရေခဲတောင်၊ မဒွယ်ရေခဲတောင်၊ ဖုန်ကန်ရာဇီရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့်ရေခဲ တောင်ဒေသရှိ စမ်းချောင်းများ၏ ကျောက်ဖျာများတွင် ပေါက်ရောက်လျက်ရှိသော ဆေးတစ်မျိုးဖြစ်သည်။ ၎င်း ပေချီ(ခေါ်)လန်ဘမှာ ကြက်သွန်နီ/ဖြူဥ ပုံသဏ္ဍန်နှင့်တူပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုးထွက်ရှိသည်ကိုတွေ့ရှိရသည်။

ခေါင်လန်ဖူးမြို့၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှုနှင့် အလှူငွေ၊ စာရေးကိရိယာများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် “မြန်မာအားကစား ကမ္ဘာကိုလွမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကျောင်းတွင်းအားကစားလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ