ကြံခင်းမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ ဒေသဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။