ညောင်ဦးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့၊ အမှတ်(၁)၊ သီရိမင်္ဂလာရပ်ကွက်၌ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ညောင်ဦးမြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။