အမြို့မြို့အနယ်နယ်သတင်းများ

မန္တလေးမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများအား စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချစေရန်နှင့် ဟိုတယ်ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်ဘာသာရပ်ဆိုင်ရာသင်တန်းများကို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒေသအသီးသီးတို့တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၌ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာ‌ပေး  

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ ဆောင်းသီးနှံ (၉၀၇၉) ဧကစိုက်ပျိုးသွားမည်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၉၀၇၉)ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ သိရသည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁) ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ တတိယအကြိမ် အာဟာရကျွေးမွေးမှုကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေ ဘုံသာမုနိစေတီ တော်မြတ်ကြီးအားစွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်+ဇနီးဒေါ်မိုးမိုးလွင်နှင့် ပန်းတောင်းတပ်နယ်ရှိကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့မိသားစုများမှ နေရောင်ခြည် စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၃၀) နာရီအချိန်၌ စေတီတောမြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများတက်ရောက်ကြသည်။

ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ၌ စိုက်ပျိုးထားသော စံပြချည်မျှင်ရှည်ဝါစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ကွင်းအမှတ်(၂)၊ ဦးပိုင်အမှတ်(၁၆၂) တောင်သူဦးသာအောင်၏ စံပြချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၈ နံနက် (၁၀) နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင်ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များအား ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များသို့ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကိုအောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)ဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ