ညောင်ဦးမြို့၌ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ဦး ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊​ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဧပြီ ၂၈ ရက်နေ့က ညောင်ဦးမြို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အ​နော်ရထာခန်းမ၌ “သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲကျင်းပရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကုန်းတန်းကြီး​ကျေးရွာ၊​ ကျောက်စစ်ကန်​ကျေးရွာ၊​ မြေနဲ​လေး​ကျေးရွာမှ ပြည်သူများ၊ သစ်တောဝန်ထမ်းများ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်သစ်​တောဦးစီးဌာနမှူးရုံး ဦးစီးအရာရှိ ဦးသန့်ဇင်မှ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီးခြင်း အကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ဗဟုသုတများနှင့် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် သစ်ပင်စိုက်ပျိုးပြစုနည်းများကိုလည်း အကြံဉာဏ်တောင်းခံနိုင်ကြောင်း သိရသည်။

ဒီပါလင်း