ရပ်စောက်၌ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းဆောင်ရွက်‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရပ်စောက် ဧပြီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်‌နေမှုကို ယမန်နေ့နံနက်ပိုင်းက ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရောင်ခြည်ဦး(ဖိုကုန်း) ကျေးရွာတွင် ကွင်းဆင်းကြည့်ရှုစစ်‌ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ကျေးလက်ဒေသဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်ဦးစီးမှူးဦးညွန့်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်၊ တာဝန်ခံ အင်ဂျင်နီယာများ၊ ကျေးရွာကော်မတီဝင်များက စရစ်ကန်ရေထွက်မှ ဆိုလာစနစ်ဖြင့်ရေတင်၍ နေကြာနှင့် ကြက်သွန်ဖြူ စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရေရှည်လည်ပတ် ဆောင်ရွက်နိုင်ရန် သီးနှံများစဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ကြသည်။

ရောင်ခြည်ဦး(ဖိုကုန်း) ကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် (5.5 hp Centrifugal pump၊ 8.26 KW Solar၊ 5.5 KW Pump Inverter) နှစ်စုံ၊ (3’×2’×3’) Pump House နှစ်လုံး 2”PVC ပိုက်လိုင်း (1000’) တပ်ဆင်ခြင်းလုပ်ငန်းများကို ခန့်မှန်းကုန်ကျငွေ ကျပ်သန်း (၆၇.၅) ဖြင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိပြီး စရစ်ကန်ရေထွက်မှရေတင်၍ ရေထွက်ဘေး၊ ဝဲ၊ ယာရှိ အိမ်ခြေ (၁၀၉) အိမ်၊ လူဦးရေ (၅၇၆) ဦးနှင့် တောင်သူ (၃၇) ဦးနှင့် စိုက်ပျိုးမြေ ဧက(၃၀၀) ကိုအကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)