ကန်ကြီးထောင့် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ (၂၉)ရက်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချို ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လင်း က ၂၀၂၆ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြဌာန်းချက်များ၊ ဝင်ငွေကြေ ညာလွှာနှင့် နှစ်ချုပ် ကြေညာလွှာတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လစာဝင်ငွေခွန်အကြောင်း သိကောင်းစရာနှင့် CEIR စနစ် အကြောင်းသိကောင်းစရာများအား ရှင်းလင်းဆွေး နွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများအား အခွန်ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်း စရာလက်ကမ်း စာစောင်များအား လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)