အမြို့မြို့အနယ်နယ်သတင်းများ

နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(နဝမအကြိမ်မြောက်)ပြန်လည်ထုတ်ချေး

မကွေးတိုင်းဒေသကြီး မ‌‌ကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ(နဝမအကြိမ်)ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆီဆုံကုန်းကျေးရွာဘုန်း‌တော်ကြီးကျောင်းတွင် ကျင်းပသည်။

ပလောက်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အောင်မြေအင်အား အ.လ.ကကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်၊ အောင်မြေအင်အား အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလေးဝမြို့တွင် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့်မျိုးစေ့များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(ဌာနအစီအစဉ်)ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင်  အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များအပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများမှ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရေး အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်သည်။

ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀)ဦးနှင့်နိုင်ငံရေးပါတီများကာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေး ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲ၊ အားကစားပြိုင်ပွဲ၊ စာအုပ်ပြပွဲ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင်ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မင်းသော်၊ မြို့နယ်အတွင်း (WorkingGroup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ 
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ